Saturday, February 21, 2009

ယိုင်းယင်စီး "သာခြင်း"


ယိုင်လည်းယိုင်းယင် ယိုင်းပေါက်ပင်
(
ကေ) ပေါက်ပင်လည်းကိုင်း ယိုင်းလည်းယိုင်း ။
(Rap …….
အဘုချေ .. မျက်စိချေကို နှိပ်လိုက်နန်း .. ဘာကြီး ..)

လက်စွပ်ချေတခွေ ပျောက်လားခရေ
(
ကေ) ရှာရေမရ …………
အသားညို .. (ကေ) လူပျိုလက် မှာ .. ဘယ်ဖက်က ။

သမီးရအောင် သားရအောင်လေ
မထားလီကေ့ …………. အချိန်တန်
(
ကေ) သင်္ကြန်လ မှာ .. ပို့ခလိုက် ။

နှပျိုးသီးကျာကျာ မှဲ့ (ည့်) လတ်ယာ
(
ကေ) ကြာဇံလင်ရှာ …. ဆိုလတ်ယာ ….
ထီး နန့် ထမ်းစင် ……. အယင်ယူခ …………
စံရဖွေ .. (ကေ) မဂျေးပင် အိမ်နောက်က.. ။

အိမ်နောက်ကအိမ်ရှင် မဂျေးပင်
(
ကေ) ပင်လီပင်တွတ် …………
ရခိုင်ပြည်မှာ လီသသွတ် …….နန့် ..
ဇရပ်ကေသာယာ …. ကျီးဖြူရွာ ….
(
ကေ) ဇာမှာလည်း..။

အဘာကြီးဝါ၀ါ ….. တောင်ဂျိုင်ကြားမှာ
မြင်းချေ စီးလို့လာ ….
နှမချေ သန္တာ ….. ရွှီဖလားမှာ..
ကွမ်း ... ယာလို့ပါ
ငါ့ကိုတယာ မပီးလား
ကံဆိုးမသမီး …. ဒိန်း ဒိန်း ။ .. ။
(Rap.......
အမိသေ ...... အစိတ်ကေအိပ်လားခယာ..ထော....)

ကန်ဂြီးစိုရ် (ဘူမိနက်သန်မြီ) ဘလော့က ကူးယူရွီးသားပါရေ။

Friday, February 20, 2009

မျည်းမတ်တိ

လူဆိုစွာ
ကမ္ဘာကိုမှီ (23 1/2)ဒီဂရီ
အောက်ခြီကပင် တိမ်းစောင်းနီရေလတ်.....။

ဖြတ်လမ်းလိုက်လူလိုက်
နဖူးသိုက်တူးလူက တူးဗနာ
မာနကို ခ၀ါချ
ခံယူချက်ကို ဆီးဆိုး
မိုးခါးရီ သောက်လူကသောက်....။

တယောက်
နှစ်ယောက်
သုံးယောက်
ရွီမလောက်....။

ကျောက်ဆောင်ကို အားကျ
ဂျောင်ထဲက ဖွဲရာကျချေ တရွီ
ဆကြွီဒဿနတိနန့်  လံဆွဲယင်း
လိုင်ကြောတင်းရေလို့  ဆိုချင်ဆို
မပိုမဟိရေ သိက္ခာတချပ်ကို
အလိုဟိရေ ရိက္ခာတနပ်မျိုဖို့ 
အချိုသကာရှာ ပုရစ်မျက်နှာ တပိုင်းနန့် 
သမိုင်းဘင်းဂျီ မခံနှိုင်.....။

လှိုင်း..ဂစ္ဆပ
(ရွက်နုပြန်ချိန် ကဗျာများ စာအုပ်)

Saturday, February 7, 2009

ရခိုင့်အောင်လံတော် အလင်္ကာ


ကြားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊
စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ
ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ့်တည်း။




ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ



ရခိုင့်သမိုင်းသစ် စာအုပ်က ကူးယူရွီးထားပါရေ။