Tuesday, October 21, 2008

ဖွင့်ပြောဖို့ ဗျာယ် မနာဂေ့

အို့  သူရဲကောင်း

အသင်သည်ကား ခေါင်းမှသွေးစက်

နီရဲဖြာကျ မြီသို့ ခလည်း

အမျိုးသစ္စာ ဂုဏ်သိက္ခာဖြင့်

ရန်သူရှေ့ မှောက် ဒူးမထောက်ဘဲ

သူရဲကောင်းလျှင် ပီသစွာပင်

အဖတိုင်းပြည် ရက္ခိုင်မြေတွက်

အသက်စွန့် လှူ ပေးသွားသည်

သင်သေသွားလည်း သင်၏ပျံ့ သင်း

ဂုဏ်သတင်းကား ရက္ခိုင်မြေပြင်

ပြည်တခွင်ဝယ် သင်းပျံ့ နေဆဲ သင်းနေဆဲ

အို့  သူရဲကောင်း

ရှေ့ ဆောင်နွားလား ဖြောင့်ဖြောင့်သွားက

နွားလားစင်စစ် နောက်ကလိုက်သို့ 

သင်၏နောက်လိုက် တပည့်ချစ်တို့ 

သင်၏မိန့် ကြား ဆိုစကားနဲ့ 

ပြောဆိုဆုံးမ သြ၀ါဒကို မြေ၀ယ်မကျ

ဦဝထိပ်မှာတင် နားမှာဆင်လျှက်

အမျိုးသစ္စာ ဂုဏ်သိက္ခာဖြင့်

ရန်သူရှေ့ မှောက် ဒူးမထောက်ဘဲ

အဖတိုင်းပြည် ရက္ခိုင်မြေတွက်

အသက်စွန့် လှူ ပေးသွားသည်

အို့  သူရဲကောင်း

သင်၏နောက်လိုက် တပည့်မိုက်ကား

ရန်သူရှေ့ မှောက် လက်မြှောက်ဒူးထောက်

သစ္စာဖေါက်ကာ အမျိုးသစ္စ

ဖေါက်သည်သာတည်း

သင်၏မှာကြား ဆိုစကားနဲ့ 

ပြောဆိုဆုံးမ သြ၀ါဒစကား

ရှိပါငြားလည်း မကြားမနာ

မလိုက်နာဘဲ သင့်လမ်းမှခွါ

သွေဖယ်ကာပင် အမျိုးသစ္စ

ဂုဏ်သိက္စာနှင့် သင်၏မျက်နှာ

မထောက်ညှာဘဲ ရန်သူရှေ့ မှောက်

လက်မြှောက်ဒူးထောက် သစ္စာဖေါက်ကာ

အခုခါဝယ် နေရာကောင်းယူ

ကြီးစိုးမင်းမူ နေကြပုံကို

မျက်မြင်ဒိဌ တွေ့ မြင်ရက

ရင်ထုမနာ ဖြစ်မိသည်။

အို့  သူရဲကောင်း

ဒိဌမ္မ ဖြစ်ပျက်နေကြ

အကြောင်းအရာ အဖြာဖြာကို

(သင်)ရောက်လေရာ နေရာဌါန

ဘုံဘ၀မှ(သင်)ကြားနှိုင်စေ

မြင်ပါစေု စေတနာရင်းခံ

ဆန္ဒမွန်ဖြင့့် 

အို့  သူရဲကောင်း

သင့်အားကျွန်ုပ်တိုင်တည်အပ်ပါသည်။

ခိုင်မင်းမောင်

No comments:

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP