Sunday, July 26, 2009

ပန်းမြတ်သဇင်

ပန်းမြတ်သဇင် - ပန်းသဇင်
သဇင်ပေါ်စ
နှင်းဝီ၀ီကေ - နတ်တော်လ။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ - သဇင်ပန်း။

ဆွတ်ခီ ဆွတ်ခီ
မယ်နှမမှာ - သဇင်ပန်းကို
ပန်ရစီ။

နှမပန်သျှင်
ပျိုတိုင်းကြိုက်တေ - ပန်းသဇင်
မယ်ကြင်မောင်ဝေ - တက်လို့ ဆွတ်ကေ
ရခရေ။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ - လှလို့ ပင်။

တ၀က်ကိုပန် - တတန်နောင်ကျိုး
မြတ်စိန္တေလေ - ညောင်ရည်အိုးမှာ
အပြည့်ထိုး။

မောင်နှင့်နှမ
သဇင်ပန်းကို - အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် - သင်္ကြန်လမှာ
ပေါင်းရပါစီ။

ဆံတော်သျှင်လေ - စေတီရင်းမှာ
ဆုတောင်းလီလေ - ဆုတောင်းလီ။ ။

(ရခိုင်ကျွန်းရွာကဗျာ)


ကိုမျိုးသာဂီ blog, AMP က ကူးယူထားပါရေ။ ။

No comments:

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP